Back to Home

GS1 Barcode – MSMEs လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် အောင်မြင်မှုသော့ချက်

GS1 Barcode – MSMEs လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း

GS1 Barcode – MSMEs လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးမည့် အောင်မြင်မှုသော့ချက်


ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးပတ်ဝန်းကျင်တွင် လုပ်ငန်းများအနေဖြင့် စျေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန်နှင့် လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် နိုင်ငံတကာစံချိန်စံညွှန်းများကို အသုံးပြုလာကြသည်။ ထိုစံချိန်စံညွှန်းများအနက် GS1 Barcode သည် ကမ္ဘာတစ်ဝှမ်းတွင် အသုံးပြုလျက်ရှိသော ယုံကြည်စိတ်ချရသည့် စနစ်တစ်ခုဖြစ်ပြီး ကုန်ပစ္စည်းများကို ထူးခြားစွာ ခွဲခြားသတ်မှတ်နိုင်ရန်နှင့် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အချက်အလက်များကို တိကျမှန်ကန်စွာ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြုပေးလျက်ရှိသည်။

အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အတွက် GS1 Barcode ကို အသုံးပြုခြင်းသည် လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးပါသော ကိရိယာတစ်ခုဖြစ်သည်။ Barcode များအသုံးပြုခြင်းကြောင့် ကုန်ပစ္စည်းစာရင်းများကို တိကျစွာ စီမံခန့်ခွဲနိုင်ပြီး လက်ဖြင့် မှတ်တမ်းတင်ရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အမှားအယွင်းများကို လျှော့ချပေးနိုင်သည်။ ထို့အပြင် ကုန်ပစ္စည်းလက်ကျန်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည့်အတွက် လုပ်ငန်းလည်ပတ်မှုများကို ပိုမိုမြန်ဆန်ထိရောက်စေပြီး အချိန်နှင့် ကုန်ကျစရိတ်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

GS1 Barcode သည် MSMEs လုပ်ငန်းများ၏ ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်နိုင်ရန် အထောက်အကူပြုပေးပါသည်။ ကမ္ဘာတစ်ဝှမ်းရှိ လက်လီအရောင်းဆိုင်များ၊ စူပါမားကက်များနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများသည် GS1 Standards ကို အသုံးပြုထားသော ထုတ်ကုန်များကို ပိုမိုလက်ခံယုံကြည်ကြသဖြင့် လုပ်ငန်း၏ ယုံကြည်စိတ်ချရမှုနှင့် Brand Value ကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ကုန်ပစ္စည်းများ၏ ခြေရာခံနိုင်မှု (Traceability) ကို မြှင့်တင်ပေးနိုင်သည့်အတွက် ထုတ်ကုန်အရည်အသွေးနှင့် စားသုံးသူယုံကြည်မှုကိုပါ ပိုမိုတိုးတက်စေပါသည်။

ယနေ့အချိန်တွင် GS1 Barcode သည် ကုန်ပစ္စည်းပေါ်တွင် ဖော်ပြထားသော အနက်ရောင်မျဉ်းများသာ မဟုတ်တော့ဘဲ လုပ်ငန်းများ၏ စီမံခန့်ခွဲမှုစွမ်းရည်၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအဆောက်အအုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ အထူးသဖြင့် MSMEs လုပ်ငန်းများအတွက် GS1 Barcode ကို အသုံးပြုခြင်းသည် ပြည်တွင်းမှ နိုင်ငံတကာဈေးကွက်အထိ အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်သည့် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ MSMEs လုပ်ငန်းများအနေဖြင့် GS1 Barcode နှင့် အခြားသော GS1 Standards ဆိုင်ရာ ဝန်ဆောင်မှုများကို GS1 Myanmar မှတစ်ဆင့် ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို GS1 Myanmar Website (www.gs1mm.org) တွင် လေ့လာနိုင်ပြီး ဖုန်းနံပါတ် +95 9 446 868 002 နှင့် +95 9 446 868 004 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။